မိုင်းယု မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ မိုင်းယုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ယစ်မျိုးလိုင်စင် အမျိုးအစားပြောင်းလဲ လျှောက်ထားလာမှုအပေါ် ယစ်မျိုးနည်းဥပဒေများနှင့်အညီ ညီညွတ်မှုရှိ/မရှိ၊ ယစ်မျိုးလိုင်စင်အမှုတွဲများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိစိစစ်ခြင်းနှင့် ယစ်မျိုးလိုင်စင်ပြောင်းလဲ လျှောက်ထားမှုတို့အား ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ မိုင်းယုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များအတွက် လှည့်လည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အားချာ