မြစ်သား မတ် ၁၅
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခု၌ စတုတ္တရက်နေ့တွင် ဓါတုဗေဒဘာသာရပ်နှင့်ပထဝီဘာသာရပ်များကို ယမန်နေ့နံနက် (၉) နာရီမှ စတင်၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် အ.ထ.က(မြစ်သား)၊ အ.ထ.က(ကူမဲ)နှင့် အ.ထ.က(ရွာခိုင်ကြီး) စာစစ်ဌာန (၃) ခုရှိပြီး ယနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်များ ဖြေဆိုကြရာ အ.ထ.က(မြစ်သား)စာစစ်ဌာနတွင် (၁၃၅)ဦး၊ အ.ထ.က(ကူမဲ) စာစစ်ဌာနတွင် (၁၁)ဦး၊ အ.ထ.က(ရွာခိုင်ကြီး) စာစစ်ဌာနတွင် (၆၆) ဦး စာရင်းရစုစုပေါင်း (၄၁၂)ဦး ရှိကြောင်း၊ မြို့နယ်အနေဖြင့် စာမေးပွဲလာရောက်ဖြေဆိုသူ (၄၀၂) ဦး ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက်သူ(၁၁)ဦးရှိသောကြောင့် စာစစ်ဌာနများ၏ ဖြေဆိုမှု (၉၇)ရာခိုင်နှုန်း ဖြေဆိုခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးရပ်အုပ်ချုပ်ရေးမှူးများ လုံခြုံရေးပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရဲနိုင်ဦး(မြစ်သား)