ပင်းတယ မတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ ဝန်ထမ်းများက ဂေဟစနစ်အမျိုးမျိုးနှင့် ထိန်းသိမ်းနိုင်မည့်နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာများ၊ ရေချိုသယံဇာတများ လျော့နည်းရှားပါးမှုမရှိစေရေး၊ ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်များနှင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုးကျိုးများ အစရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို နံရံကပ်ဘုတ်တွင် ပြသပေးခဲ့ရာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ထားသော အခြေခံအင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပင်းတယ)