မိုင်းနောင် မတ် ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသူ ကျောင်းသား ကျောင်းသူများအား စာရေးကရိယာများနှင့် အာဟာရဓာတ်စာများ ပေးအပ်ထောက်ပံ့ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်စာစစ်ဌာနတွင် အ-ထ-က မိုင်းနောင်ကျောင်းနှင့် အ-ထ-က ဝမ်ဆင်းကျောင်းများမှ ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း (၃၃) ဦးအတွက် လိုအပ်သော စာရေးကရိယာများနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရဓာတ်စာများကို အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်ဇော်ထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက စာရေးကရိယာများနှင့် အာဟာရဓာတ်စာများ လာရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်း မိုင်းနောင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ အဆင်ပြေပြေ ဖြေဆိုနိုင်ရေးအတွက် အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ အနီးကပ်ကြီးကြပ်မှုအပြင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)