တိုက်ကြီး မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေးများအား ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းနှင့် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အသက် ၁၅ နှစ်အောက် ကလေးများအား ၀က်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးရာ ယမန်နေ့ နံနက်ပိုင်းက ဘူတာရပ်ကွက် မြို့မ (၈) အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးရာ ရပ်ရွာအခြေပြု အထောက်အကူပြုအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသည်။
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အသက် ၁၅ နှစ်အောက် ကလေး (၂၈၈၉၁) ဦးအား ၀က်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အသက် ၅ နှစ်အောက် ကလေး (၈၈၀၄) ဦးတို့အား ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးပြီးဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)