မိုင်းခတ် မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးပြပွဲတွင် အထွေထွေဗဟုသုတစာအုပ်များ၊ ရုပ်ပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များ၊ ပြည်သူ့နီတိစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များပြသခြင်း၊ လူငယ်များ အမှားအမှန် သိမြင်ခွဲခြားတတ်စေရန် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို အသိပညာပေးပြသရာ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စာဖတ်စာငှားပရိသတ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)