တပ်ကုန်း မတ် ၁၃
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး ဦးစီးသည့် နေပြည်တော်ရဲတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး သိန်းဦး၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့နယ် အောင်သပြေကျေးရွာအုပ်စု၊ တုံးချိုးကျေးရွာ သို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး ဦးစီးသောအဖွဲ့သည် တုံးချိုးကျေးရွာ၊ သီရိရတနာကျောင်းတိုက်တွင် ကျေးရွာတာဝန်ခံ၊ ပြည်သူများနှင့်တွေ့ဆုံပြီး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးက မြို့ပြနှင့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုမရှိစေရေးအတွက် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ဒေသဖွံ့ဖြိုးရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိဦးဆောင်သည့်ဌာနဆိုင်ရာအဖွဲ့သည် ဒေသခံ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေးရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးများကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဒေသသည် စိုက်ပျိုးရေး ကဏ္ဍ တွင် များသောအားဖြင့် လယ်ယာမြေသီးနှံများ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဒေသ နှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းအောင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် တုံးချိုးကျေးရွာပြည်သူများထံ ဆန်၊ ဆီ၊ ဆေးဝါး၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ရှေးဦးသူနာပြု (First Aidx Kid)ဆေးအိတ်၊ ကလေးကစားစရာ (အရုပ်ဆက်)၊ ပေါင်မုန့်များနှင့်မီးဖိုချောင်းသုံး ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးတို့ကို တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြပြီး ကျေးရွာတာဝန်ခံက ကျေးဇူးတင်စကားပြောကြားကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား အသက်အပိုင်းအခြားအလိုက်ဖြင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်သူများ၏ နွားများအား လည်ချောင်းကွဲကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်းကျ ကာကွယ်ဆေးများ ဆောင်ရွက်ထိုးနှံပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ညောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေးရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ရှင်းလင်းပြော ကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်အပိုင်းအခြားအလိုက်ဖြင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်သူများ၏ နွားများအား လည်ချောင်းကွဲကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်းကျ ကာကွယ်ဆေးများ ဆောင်ရွက်ထိုးနှံပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် သုံးလမ်းဆုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တကုမုဒထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေးရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ရှင်းလင်းပြော ကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာ ရေး စောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်သူများ၏ နွားများအား လည်ချောင်းကွဲကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်းကျကာကွယ်ဆေးများ ဆောင်ရွက်ထိုးနှံပေး ခဲ့ကြောင်းနှင့် တုံးချိုးကျေးရွာတွင် တိုးချဲ့ကာကွယ်ဆေး ကလေးငယ် ၃၅ဦး၊ ကိုယ်ဝန်ဆောင် အမျိုးအမီးတစ်ဦး၊ ဗီတာမင်အေ ၆ လမှ ၁နှစ်ထိ ခြောက်ဦး၊ ၁နှစ်မှ ၅နှစ်ထိ ၃၁ဦး၊ သံချဆေး ၂၇ဦး၊ ကိုဗစ်ကာကွယ်ဆေး ခုနှစ်ဦး၊ သားအိမ်ခေါင်းကင်ဆာ ၁၂ဦး၊ အထွေထွေရောဂါ ၅၆ဦး၊ ညောင်ပတ်ကျေးရွာတွင် တိုးချဲ့ကာကွယ်ဆေး ကလေးငယ် ၁၇ဦး၊ ၁နှစ်မှ ၅နှစ်ထိ ၂၈ဦး၊ သံချ ဆေး ၂၅ဦး၊ ကိုဗစ်ကာကွယ်ဆေး ခုနှစ်ဦး၊ သားအိမ်ခေါင်းကင်ဆာ သုံးဦး၊ အထွေထွေရောဂါ ၅၆ဦး၊ သုံးလမ်းဆုံကျေးရွာတွင် တိုးချဲ့ကာကွယ်ဆေး ကလေးငယ် ခုနှစ်ဦး၊ ကိုယ်ဝန်ဆောင် အမျိုးအမီးလေးဦး၊ ၁နှစ်မှ ၅နှစ်ထိ ၁၇ဦး၊ သံချဆေး ၁၆ဦး၊ ကိုဗစ်ကာကွယ်ဆေး ခုနှစ်ဦး၊ သားအိမ်ခေါင်းကင်ဆာ ရှစ်ဦး၊ အထွေထွေရောဂါ ၃၁ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်