တံတားဦး မတ် ၁၃
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုနေကြသည့် ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် ။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှသ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို၊ ကျောင်းပို့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ လမ်းသွား၊ လမ်းလာ မော်တော်ဆိုင်ကယ်များ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပွားစေရေးနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တံတားဦးမြို့ ယာဉ်ထိန်းရဲအုပ်မင်းအောင်ထံမှ သိရသည် ။
တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦး-အ.ထ.ကတွင် ကျောင်းသား/သူများက ယနေ့တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)