ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် နွေးသီးနှံမျိုးစုံ (၉၁၇၉)ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေ

ကျောက်ဆည် မတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်၊ ကန်၊ တူးမြောင်းများအလိုက် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့် စိုက်ပျိုးရေနည်းပညာပေးရှေ့တန်းစခန်းများ၌ နွေသီးနှံများကို စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ (၉၁၇၉)ဧကလျာထား စိုက်ပျိုးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ စိုက်ပျိုးရေးများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ နွေသီနှံများစိုက်ပျိုးရာတွင် နွေစပါးများကို သင်းတွဲစိုက်ပျိုးရေပေးမြောင်းဖြင့် ကုလားကျောင်း ကျေးရွာအုပ်စုတွင် (၄၀၀)ဧက၊ နွေနှမ်းများကိုမင်းရဲစိုက်ပျိုးရေပေးမြောင်းဖြင့် ကုလားကျောင်းကျေးရွာအုပ်စုတွင် (၄၆)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် (၈၀)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၅၆၈)ဧက၊ သင်းတွဲစိုက်ပျိုးရေပေးမြောင်းဖြင့် ပြည်တော်သာကျေးရွာအုပ်စုတွင် (၇၂)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် (၁၂၀) ဧက၊ပုထိုးနီကျေးရွာအုပ်စုတွင် (၄၀၆)ဧက၊ ကုလားကျောင်းကျေးအုပ်စုတွင် (၆၄၀)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင် (၁၈၁)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် (၁၅)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၂၄၄)ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင် (၈၅)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၁၂)ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းဖြင့် သင်္ဂတုံကျေးရွာအုပ်စုတွင် (၅၉၈)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင် (၃၁၃)ဧက၊ ကလေးကျေးရွာအုပ်စုတွင် (၆၀၈)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၃၉၁)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် (၃၀၀)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် (၁၂၄)ဧက၊ မိုးကြိုပဲတီစိမ်းသီးနှံများကို မင်းရဲစိုက်ပျိုးရေပေးမြောင်းဖြင့် အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၅၀)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် (၅၈)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် (၃၃၀)ဧက၊ ပုထိုးနီကျေးရွာအုပ်စုတွင် (၁၇၆)ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင် (၁၂၀)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင် (၅၄၀)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် (၈၅)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၇၃၁)ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင် (၄၀၀)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၆၉၈)ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းဖြင့် သင်္ဂတုံကျေးရွာအုပ်စုတွင် (၅၅)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင် (၁၆)ဧက၊ ကလေးကျေးရွာအုပ်စုတွင်(၁၁၆)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင်(၂၇၃)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် (၃၂၀)ဧက စုစုပေါင်းနွေနှမ်းသီးနှံမျိုးစုံ (၉၁၇၉)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

နွေသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များစိုက်ပျိုးစေခြင်း၊ စိုက်နည်းစနစ်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်လျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။       

သက်မောင်(ကျောက်ဆည်)