ရမည်းသင်း မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်ကို မတ် (၁၃)ရက် နံနက် ၉ နာရီက စာစစ်ဌာနအလိုက် တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြသည်။
ရမည်းသင်းမြို့နယ်အတွင်း အ.ထ.က(၁)စာစစ်ဌာန၊ မြို့လှအ.ထ.က စာစစ်ဌာန၊ သိမ်ကုန်းအ.ထ.ကစာစစ်ဌာနနှင့် ရွာတန်းအ.ထ.ကစာစစ်ဌာန စုစုပေါင်း စာစစ်ဌာန (၄)ခုရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ယာဉ်ထိန်ရဲတပ်ဖွဲ့စုနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆိုရန် မြို့လှအ.ထ.ကစာစစ်ဌာန စာရင်းရှိကျောင်းသား (၃၆)ဦး၊ ကျောင်းသူ(၂၇)ဦး၊ စုစုပေါင်း(၆၃)ဦး၊ ဖြေဆိုကျောင်းသား(၃၆)ဦး၊ ကျောင်းသူ(၂၇)ဦး၊ ပျက်ကွက်မရှိ၊ သိမ်ကုန်းအ.ထ.ကစာစစ်ဌာနတွင် စာရင်းရှိကျောင်းသား(၆၅)ဦး၊ ကျောင်းသူ(၁၂၅)ဦး၊ စုစုပေါင်း(၁၉၀)ဦး၊ ဖြေဆိုကျောင်းသား(၆၄)ဦး၊ ကျောင်းသူ(၁၂၃)ဦး၊ ပျက်ကွက်ကျောင်းသားတစ်ဦး၊ ကျောင်းသူ(၂)ဦး၊ ရွာတန်းအ.ထ.ကစာစစ်ဌာန စာရင်းရှိကျောင်းသား(၁၄၀)ဦး၊ ဖြေဆိုကျောင်းသား(၁၃၄)ဦး၊ စာရင်းရှိကျောင်းသူ(၁၈၃)ဦး၊ ဖြေဆိုကျောင်းသူ(၁၈၀)ဦး၊ အ.ထ.က(၁)စာစစ်ဌာန စာရင်းရှိကျောင်းသား(၂၉၅)ဦး၊ ကျောင်းသူ(၃၉၉)ဦး၊ ဖြေဆို(၂၈၄)ဦး၊ ကျောင်းသူ(၃၉၉)ဦး၊ ပျက်ကွက်ကျောင်းသား(၁၁)ဦးနှင့် ကျောင်းသူ(၇)ဦးရှိကြောင်း ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရှိရသည်။
ဇော်ဝင်းအောင်