မော်လမြိုင် နိုဝင်ဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင် သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်ကျား(၉၁)ဦးနှင့်မ(၆၀)ဦး စုစုပေါင်း(၁၅၁)ဦး ရောက်ရှိ လာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင် များသို့ နေရာချထားပေးကြောင်း သိရသည်။
ထိုသို့Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှုးကြီးနေထွဋ်ဦး၊ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမြင့်၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေး စခန်းမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့ တည်းခိုမည့်အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေး စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီးအာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ COVID-19ရောဂါပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင်ကျန်းမာရေးစစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာ သူပေါင်း (၁၅၅၀၇)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)