တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်ဆန်းစစ်ခြင်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

တိုက်ကြီး မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်နှင့် အသိပညာပေးခြင်းကို ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်ဆန်းစစ်ခြင်း အစီအစဉ်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာ ဃောသိတာရုံကျောင်းတိုက် မိုးဆန်းပန်းဓမ္မစကူး ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိ ဦးပြေဟိန်းနိုင်က ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားဘာသာရပ်သင် ဆရာ/ ဆရာမများ ခန့်ထားခြင်း အကြောင်းအရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးက တိုင်းရင်းသားကလေးငယ်များ ကျောင်းစတင် အပ်နှံချိန်တွင် မိမိတို့လူမျိုးများ၏ ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်သည့် အမည်ဖြင့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေးနှင့် ပန်းခင်းစီမံချက်အကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က အမျိုးသမီးများအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများနှင့် လူမှုရေးပင်စင် စသည့်အကြောင်းအရာများ၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအုန်းထွန်းက သမဝါယမဝန်ကြီးဌာနအကြောင်း သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပပဖြိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းအကြောင်း သိကောင်းစရာများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အကြောင်းတို့ကို ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၀) ဦး တက်ရောက်ပြီး သင်တန်းနည်းပြများက စာတွေ့လက်တွေ့ () ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)