မန္တလေး မတ် ၁၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ပျော်ဘွယ်မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၁၃၁၀) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၃၇)ဦး၊ မြစ်သားမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၁၃)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၁၀)ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၈) ရာခိုင်နှုန်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၇၁) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၅) ရာခိုင်နှုန်း၊ ဖြေဆိုရန် ပျက်ကွက်သူ(၁၅)ဦး၊ မဟာအောင်မြေမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၁၆)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၂၃)ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၇၆) ရာခိုင်နှုန်း၊ မလှိုင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၇၂) ဦး၊ ဖြေဆိုရန် ပျက်ကွက်သူ(၆)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၉.၄၄) ရာခိုင်နှုန်း၊ ဝမ်းတွင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၅၉၂) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၀၅) ရာခိုင်နှုန်း၊ ပြင်ဦးလွင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၁၃၁) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၈၂) ရာခိုင်နှုန်း၊ ငါန်းဇွန်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၆၀) ဦး၊ ဖြေဆိုရန်ပျက်ကွက် (၃)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၈.၁၆) ရာခိုင်နှုန်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၇၉) ဦး၊ ဖြေဆိုမှု (၈၅.၅၈) ရာခိုင်နှုန်း၊ တောင်သာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၀) ဦး၊ စဉ့်ကိုင်မြို့နယ်တွင် ဖြေဆိုသူ(၅၆၁)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ(၁၂)ဦး၊ နွားထိုးကြီးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၇၈)ဦး၊ ဖြေဆိုရန်ပျက်ကွက် (၁၅)ဦး၊ ကျောက်ပန်တောင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း(၇၄၉) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၆၅) ရာခိုင်နှုန်း၊ မတ္တရာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၂၉)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ(၂၂)ဦး၊ သပိတ်ကျင်းမြို့နယ်တွင် ဖြေဆိုသူဦးရေ စုစုပေါင်း (၂၄၇) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၈၂) ရာခိုင်နှုန်းနှင့် သာစည်မြို့တွင် ဖြေဆိုသူစုစုပေါင်း (၉၁၆) ဦးတို့ဖြင့်အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့် ကြပ်ကြည့်ရှု ပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)