ရန်ကုန်တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၄) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

တာမွေ မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်ပညာရပ်များ တိုးပွားစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ လှိုင်စင်တာတွင် စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား/ သူများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စာကြည့်တိုက်ပညာသင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများအား သက်ဆိုင်ရာတာဝန်ရှိသူများက စာကြည့်တိုက်ပညာရပ်များနှင့် ပတ်သက်သည်များကို ၂၀၂၄-ခုနှစ် မတ်လ (၁၁) ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ အသေးစိတ်ဆွေးနွေးပို့ချပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)