ကွန်ဟိန်း မတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၇ နာရီမှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ လားဟူခရစ်ယာန်ဘုရားကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို တောင်ကြီးမြို့ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာစိုင်းသန်းထိုက်အောင် ဦးဆောင်သည့်အဖွဲ့နှင့် ကွန်ဟိန်းမြို့နယ် ကျန်းမာရေးဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ ကွန်ဟိန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား တီဘီသံသယလူနာများ ရှာဖွေဖော်ထုတ်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် Digital Portable X-ray ဖြင့် ရင်ခေါင်းဓါတ်မှန်ရိုက်၍ တီဘီလူနာရှာဖွေခြင်း၊ အထွေထွေရောဂါကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)