ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ဒဂုံ(မြောက်) မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ(၁) ရက်နေ့မှ စတင်၍ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ဖွင့်လှစ်သင်ကြား လျက်ရှိသော နွေရာသီအားကစားသင်တန်းများတွင် မြန်မာ့သိုင်း သင်တန်းကို အမှတ်(၁၆)ရပ်ကွက် မောင်းမကန်လမ်းရှိ မြန်မာနိုင်ငံ သိုင်းသင်တန်းကျောင်းတွင်လည်းကောင်း၊ အခြေခံဘောလုံးသင်တန်းကို ဒဂုံမြို့သစ် ဘောလုံးလေ့ကျင့်ရေးကွင်းတွင်လည်းကောင်း၊ တိုက်ကွမ်ဒိုနှင့် (Fitness Dance) သင်တန်းများအား မသန်စွမ်း အားကစားကွင်းတို့တွင် ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိသည်။

 အဆိုပါ နွေရာသီအားကစားသင်တန်းများကို မတ်လ(၁) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်ထံမှ တင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)