မိုင်းယု မတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းရိုင်၊ မိုင်းယုမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ဘိုးဘွားများ၏လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ (၃)လပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားသုံးဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် လူမှုရေးပင်စင် တစ်ဦးလျှင် ကျပ်(၃၀၀၀၀/) ဖြင့် စုစုပေါင်းကျပ်(၉၀၀၀၀/-)အား ဘိုးဘွားတစ်ဦးချင်းအလိုက် နေအိမ်များသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အားချာ