ကာလိမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကာလိ မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ပြည်သူများ စစ်မှုထမ်းရေးဥပဒေနှင့်ပတ်သတ်သည့် အချက်အလက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ကာလိမြို့ ပြည်ထောင်စုလမ်းမကြီးဘေးနှင့် မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ကာလိမြို့ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များက  ဖြန့်ဝေပေးခြင်းဖြစ်ရာ လက်ကမ်းစာစောင်တွင် “အမျိုးသားရေးတာဝန်”၊ “စိုးရိမ်ရန်မလို”၊ “ဖြစ်ရမယ့် တာဝန်”၊ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”၊ “စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ”၊ “ပြည်သူစစ်မှုထမ်းရန်ကာလ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်”၊ “ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ” နှင့် “ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ” စသည့်အချက်များပါဝင်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ ဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)