မိုင်းရှူး မတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် အသက် (၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင်ငွေကြေးထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို မိုင်းရှူးမြို့နယ်နှင့် မိုင်းစံမြို့အတွင်း အသက် (၈၅)နှစ်အထက် သက်ကြီး အဘိုး၊ အဘွားများအား တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ လူမူရေးပင်စင်ရရှိသော အဘိုး၊ အဘွား (၁၀၇)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃)သောင်းစီဖြင့် စုစုပေါင်းငွေကျပ် (၃၂၁၀၀၀၀/-) တိတိကို မြို့နယ် လမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလင်းထွဋ်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်/ကျေးစာရေးများမှ ဘိုးဘွားများလက်ဝယ်ဆီသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)