နေပြည်တော် မတ် ၁၂
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များဖြစ်သည့် ဇေယျာသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၅၀ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၆.၈၄ ရာခိုင်နှုန်း၊ ဥတ္တရသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၃၇ ဦး ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၆.၃၆ ရာခိုင်နှုန်း၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၀၃ ဦး ဖြေဆိုပြီး ဖြေဆိုသူရာခိုင်နှုန်း ၉၇.၉၁ ရာခိုင်နှုန်း၊ ဇမ္ဗူသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၀ ဦး ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၆.၀၆ ရာခိုင်နှုန်း၊ ပုဗ္ဗသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၉၀ ဦး ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၆.၉၈ ရာခိုင်နှုန်း၊ လယ်ဝေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၅၉ ဦး ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၇.၄၁ ရာခိုင်နှုန်း၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၅ ဦး ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၈.၁၅ ရာခိုင်နှုန်း အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရ သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
ပြန်/ဆက်