ပုသိမ်ကြီး မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ် ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၂ နေရာတို့၌ ကျောင်းသားကျောင်းသူများ သီးသီးဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်လက်အေးချမ်းစွာဖြေဆိုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ စာမေးပွဲဖြေဆိုရာတွင် အထက ပုသိမ်ကြီးတွင် စာရင်းရှိ ကျောင်းသား (၉၄)ဦး၊ ကျောင်းသူ (၁၆၅)ဦး၊ စုစုပေါင်း (၂၅၉)ဦး ရှိပြီး၊လာရောက်ဖြေဆိုသူ ကျောင်းသား (၈၈)ဦး၊ ကျောင်းသူ (၁၅၅) ဦး၊ စုစုပေါင်း (၂၄၃)ဦး၊ ပျက်ကွက် (၁၆)ဦး၊ အ.ထ.က အုန်းချောတွင် စာရင်းရှိ ကျောင်းသား (၆၆)ဦး၊ ကျောင်းသူ (၉၄)ဦး၊ စုစုပေါင်း(၁၆၀)ဦးရှိပြီး၊ လာရောက်ဖြေဆို ကျောင်းသား (၆၃)ဦး၊ ကျောင်းသူ(၉၂)ဦး၊ ပျက် ကွက်(၅)ဦး၊ စုစုပေါင်း(၁၅၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ မြို့နယ်အတွင်း ဖြေဆိုသူပေါင်း (၃၉၈)ဦး ရှိ၍ ဖြေဆိုမှု ရာခိုင်နှုန်း(၉၄.၉၉)ရှိကာ၊ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)