ကလော မတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု ဘော်နင်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက (၁၅)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ ကလောခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် တိုင်းရင်းသားဧည့်သည်တော်များနှင့် ကလောမြို့နယ်အတွင်းရှိ တောင်ရိုးတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦအောင်ကြည်ဝင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့သော(၁၅)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ သဝဏ်လွှာဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေကျပ် သိန်းတစ်ရာကျပ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံကပေးအပ်ခဲ့ရာ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက လက်ခံရယူခဲ့သည်။ ထို့နောက် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးသောင်းရွှေက တောင်ရိုးအမျိုးသားနေ့ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)