ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို

ငါန်းဇွန်   မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုကြရာ စာစစ်ဌာနဖြစ်သည့် အ.ထ.က(ငါန်းဇွန်) စာစစ်ဌာန၌ ကျောင်းသား/သူစာရင်းရှိ ၁၆၃ ဦး၊ ဖြေဆိုသူ ၁၆၀ ဦး၊ ပျက်ကွက် ၃ ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၈.၁၆%)ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)