ဝမ်းတွင်း မတ် ၁၂
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို မတ်လ ၁၁ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝမ်းတွင်းမြို့နယ်အနေဖြင့် စာစစ်ဌာန(၃)ခုဖွင့်လှစ်ထားရှိပြီး အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူကျောင်းသား/သူအနေဖြင့် ကျား(၂၅၂)ဦး၊ မ(၃၄၀)၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၅၉၂)ဦးက ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်ပညာရေးမှူးဦးဆောင်၍ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်လျက်ရှိသည်။
အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဌေးလှိုင်(ဝမ်းတွင်း)