လားရှိုး မတ်လ ၁၂
လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အဖြစ် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုနေမှုများကို လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေး၊ ၊မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်း နှင့် ခရိုင်၊မြို့နယ်တို့မှ တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စာမေးပွဲဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် အမှတ်(၁) နှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိပြီး ဖြေဆိုရန် စာရင်းရှိဦးရေ ကျား ၄၄၈ ဦး ၊ မ ၅၆၅ ဦး စုစုပေါင်း ၁၀၁၃ ဦးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)