အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၆)ခုတွင် ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာ ဖြေဆို

အမ်း မတ် ၁၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆)ခုတွင် ယနေ့နံနက်က ကျောင်းသား /ကျောင်းသူများ အင်္ဂလိပ်စာဘာသာအား အေးချမ်းပျော်ရွှင်စွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာန၊ အထက (၃)စာစစ်ဌာန၊ အ.ထ.က-တပ်တောင်စာစစ်ဌာန(အမှုထမ်း-၂ အ.ထ.က(ခွဲ)တွင် ကျောင်းသား/ကျောင်းသူ (၉၉၄)ဦး ရှိသည့်နက် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူဦးရေ (၆၇၈)ဦး၊ ပျက်ကွက်သူဦးရေ (၃၁၆)ဦး၊ ‌ဖြေဆိုသည့်ရာခိုင်နှုန်း ၆၈.၂၁% ရှိကြောင်း၊‌ အ.ထ.ကကမ်းထောင်းကြီးစာစစ်ဌာန (မြောက်ပိုင်းရပ်ကွက် အလယ်တန်းကျောင်း)တွင် စာရင်းရှိကျောင်းသား/ကျောင်းသူ(၃၆၁)ဦး ရှိသည့်နက် ဒုတိယနေ့အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူဦးရေ (၁၉၃)ဦး၊ ပျက်ကွက်သူဦးရေ (၁၆၈)ဦးရှိကြောင်း အ.ထ.က ကမ်းနီစာစစ်ဌာန (အောက်ရွာကျေးရွာ မူလွန်ကျောင်း)တွင် စာရင်းရှိကျောင်းသား/ကျောင်းသူ(၆၉)ဦး ရှိသည့်နက် ဒုတိယနေ့အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူဦးရေ (၁)ဦး၊ ပျက်ကွက်သူဦးရေ (၆၈)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးပြီး စာမေးပွဲကြီးကြပ်ရေးဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက်စောင့်ကြပ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)