စမ်းချောင်း မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်း မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (မြောက်)ရပ်ကွက်၌ ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းကို အဖွဲ့(၃)ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ (၃)၊ အိမ်ထောင်စု (၉၄)စု၊ ကျား(၁၅၄)၊ မ (၁၇၅)၊ စုစုပေါင်း (၃၂၉)ဦး မှတ်တမ်း တင်ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံ စာရင်းတင်ခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ၀င်များက ကြီးကြပ်၍ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)