အင်းစိန်မြို့နယ်၊ ဖျားနာကုဆေးခန်းသို့ Shwe Shwe LAB & PHARMACY မှ ငွေကျပ်(၁)သိန်း လာရောက် လှူဒါန်း

ရန်ကုန်  နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ မြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားသော ဖျားနာကု ဆေးခန်းသို့ Shwe Shwe LAB & PHARMACY မှ ငွေကျပ်(၁)သိန်းကို ယနေ့ နံနက်(၉)နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန်အတွက် Shwe Shwe LAB & PHARMACY မှ ငွေကျပ်(၁)သိန်းကို လှူဒါန်းရာ အင်းစိန် ဖျားနာကုဆေးခန်းမှ တာဝန်ရှိသူ ဆရာဝန်တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)