မွန်ပြည်နယ် သထုံမြို့နယ်၌ ရပ်ကွက်ကျေးရွာအသီးသီးသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများ ထုတ်ပေး

သထုံ   နိုဝင်ဘာ   ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲ လက်မှတ် များနှင့် မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်များ၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ အမှန်ခြစ်တံဆိပ်တုံး၊ ချိတ်ထိုးတံဆိပ်တုံး၊ ချိတ်တောင့်၊ လုံခြုံရေးကြိုးစသည်တို့နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Face Shield၊ Apron၊ Hand Spray စသည့် ပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၅၄)အုပ်စု၌ မဲရုံစုစု‌ပေါင်း (၉၉)ရုံ၊ မဲဆန္ဒရှင် ဦးရေ (၂၀၈၄၂၆)ဦးရှိပြီး အဆိုပါမဲရုံသုံးပစ္စည်းများကို နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ထုတ်ပေး နေခြင်း ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သက်ဦး(သထုံ)