မိုင်းငေါ့မြို့ မန်ခေါက်ကျေးရွာအုပ်စု၊ မန်ခေါက်ကျေးရွာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များ ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

မိုင်ငေါ့ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ မန်ခေါက်ကျေးရွာအုပ်စု၊ မန်ခေါက်ကျေးရွာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က မန်ခေါက်ကျေးရွာ မဲရုံအမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မန်ခေါက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မင်း (မဲရုံမှူး)က သင်တန်းသားသင်တန်းသူများကို မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများ၊ မဲရုံသုံးပစ္စည်းများ အကြောင်း၊ မဲပေးရန်ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်၊ မဲရုံလုပ်ငန်းဆိုင်ရာ ဆောင်ရန်၊ ဆောင်ရန်များ၊ လိုက်နာရမည့်စည်းကမ်းချက်များ စသည်တို့ကို အသေးစိတ် ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။

မန်ခေါက်ကျေးရွာအုပ်စု၊ မန်ခေါက်ကျေးရွာ မဲရုံအမှတ်(၁)တွင် မဲရုံ တာဝန်ထမ်းဆောင်မည့် မဲ ရုံ မှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်၊ ရပ်/ကျေးကော်မရှင်၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး စုစုပေါင်း(၂၂)ဦးတက်ရောက်ခဲ့ကြပြီး မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်းကို ကိုစေ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ၊ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ သင်တန်းကို နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)