မှော်ဘီမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယနေ့)အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၃၂၅)ဦးတို့​ ဆက်လက်ဖြေဆို

မှော်ဘီ      မတ်       ၁၂

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအ​နေဖြင့် မတ်လ(၁၁)ရက်​နေ့မှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲ(ဒုတိယနေ့)အင်္ဂလိပ်စာဘာရပ်သို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၃၂၅)ဦးတို့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မှော်ဘီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယနေ့)အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာန၊ အ.ထ.က(မြောင်းတကာ)စာစစ်ဌာနတို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိကျောင်းတွင်းနှင့် ကျောင်းပြင်ပကျောင်းသား၊ ​ကျောင်းသူ(၁၃၇၉)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့်ကျောင်းတွင်းနှင့် ကျောင်းပြင်ပကျောင်းသား၊ ကျောင်းသူ(၁၃၂၅)ဦးထိ ရှိကြောင်းလည်း သိရသည်။

ဆက်လက် ဝင်ရောက်ဖြေဆိုရာတွင်လည်း ကျောင်းတွင်းဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား(၅၅၅)ဦး၊ ကျောင်းသူ(၆၉၁)ဦးနှင့်ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၃၇)ဦး၊ ကျောင်းသူ(၄၂)ဦးရှိပြီး ကျောင်းတွင်းနှင့်ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၅၉၂)ဦးနှင့်ကျောင်းသူ(၇၃၃)ဦး စုစုပေါင်း(၁၃၂၅)ဦး ပျက်ကွက်(၅၄)ဦးဖြေဆိုမှု ရာခိုင်နှုန်း(၉၆.၀၈)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

​ကျောင်းသား၊ ​ကျောင်းသူများ​အေးချမ်းစွာစာ​မေးပွဲ ​ဖြေဆိုနိုင်​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အ​ခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်​အုပ်​ရေးအဖွဲ့မှတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူး​ပေါင်းကာ ​ဆောင်ရွက်လျက်ရှိ​ကြောင်းလည်း သိရသည်။

ဉီးဝင်းဇော်(မှော်ဘီ)