မင်္ဂလာဒုံ မတ် ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက်ပိုင်း ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က-၁ ၊ အ.ထ.က-၃ ၊ အ.ထ.က-၄ တို့တွင် စာမေးပွဲဖြေဆိုရန်စာရင်းသွင်းထားသူ (၁၇၄၂)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၁၆၇၇)ဦးရှိပြီး ပျက်ကွက်သူ(၆၅)ဦးရှိသဖြင့် ၉၆.၂၇% ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ စာမေးပွဲဖြေဆိုမှုအနှောက်အယှက်မဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအဆင်ပြေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများပူးပေါင်း၍ စာစစ်ဌာန အသီးသီး၌ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)