တောင်ဥက္ကလာပ နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုး ရေး ပရဟိတဂေဟာ၌ သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေ၊ ကျောင်းသား (၅၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေ ရန်အတွက် အမှတ် (၁၄/၁)ရပ်ကွက် မြင်သာ(၄) လမ်းနေ ဦးစိုးအောင်နှင့်ဇနီး ဒေါ်မိုးမိုးသန်း မိသားစုတို့က ဆွမ်းဆန်တော် (၁၁)အိတ်၊ ဆီ(၂)ဘူးနှင့် အလှူ တော်ငွေကျပ် ၁၁၀၀၀၀ အစရှိသည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆပ်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
နေထက်အောင်