တောင်သာ နိုဝင်ဘာ ၃
၂၀၂၀ ပြည်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နေ့တွင် တောင်သာမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော် အသီသီးအတွက် အသက် (၆၀) နှစ်နှင့်အထက် အဘိုးအဘွားများကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ နေ့စဉ်နံနက်(၈) နာရီမှ ညနေ(၆)နာရီအထိ ကြိုတင်ဆန္ဒမဲများ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ(၃)ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးများတွင် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးနေကြကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၈၃)အုပ်စုတွင် မဲရုံ(၃၂၂)ရုံ ထားရှိသွားမှာ ဖြစ်ပြီး မဲပေးနိုင်သူ (၁၉၀၉၈၀) ဦးနှင့် အသက် (၆၀) နှစ်နှင့်အထက် ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူ ပေါင်းမဲဆန္ဒရှင် (၃၂၀၀၀) ကျော် ရှိသည်။ ယနေ့ကြိုတင်ဆန္ဒမဲများပေးပြီးသူ စုစုပေါင်း (၁၀၃၅၀) ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးပြီးသူ ရာခိုင်နှုန်း (၅.၃၀) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)