ကျောက်ဆည်မြို့တွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျောက်ဆည် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ (၄) နာရီက သူငယ်တော်ကျေးရွာ၌ မတ် (၇) ရက်နေ့က မီးဘေး သင့်ခဲ့သည့် ဦးမင်းမင်းသူ၏ အိမ်ထောင်စုအား ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းတို့က ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မီးဘေးသင့်ခဲ့သည့် ဦးမင်းမင်းသူ၏ လုံးဝပျက်စီးသွားသည့် (၄)ပင်၊(၃)ခန်း ထရံကာ၊ သွပ်မိုး လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ကျပ်(၁) သိန်း၊ မိသားစုဝင် (၃)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၃၀၀) ကျပ်နှင့် (၅၉၂၈၅)ကျပ် တန်ဖိုးကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ ပုံး(၁)ပုံး တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)