ပုဗ္ဗသီရိ မတ် ၁၁
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့က စတင်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲဖြေဆိုကာလအတွင်း လုံခြုံရေးပိုမိုဂရုစိုက်စေရန် ပုဗ္ဗသီရိမြို့နယ် အ.ထ.က ကျည်တောင်ကန် စာဖြေဌာနသို့ ယမန်နေ့နံနက်ပိုင်း ၁၂နာရီ ၄၅မိနစ်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်နှင့် အဖွဲ့ဝင် များက အတွင်းစည်း၊ အပြင်စည်းတာဝန်ထမ်းဆောင်နေကြသည့် တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများအား လုံခြုံရေးအထူးဂရုစိုက်စေရန်၊ သတင်းလက်ဦးမှုများ ရယူစေရန်၊ ရှင်းလင်း မှာကြားခဲ့ပြီးနောက် စာဖြေခန်းများအတွင်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ရေး လုံလောက်သော အလင်းရောင်ရရှိရေး၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများအတွင်း စာရေးခုံ၊ ထိုင်ခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)