မိတ္ထီလာ မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် နတ်ကန်(အနောက်)ကျေးရွာတွင် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၂၁ ဦးအား အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက်က အဆိုပါကျေးရွာတွင် ပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိူးကျေးဇူးနှင့် လက်စွဲ စာစောင်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာတာဝန်ခံများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်သည့် နတ်ကန်ကျေးရွာအုပ်စု နတ်ကန်(အနောက်)ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ အရင်းဆပ်ကာလ ပြည့်မြောက်ခဲ့၍ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် Shwe Bank Co;Ltd မှ Mobile Financial Paymentေ၀ စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၂၁ ဦးအား မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် ၄၃.၀သန်းအား ထုတ်ချေးပေးအပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)