မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားနည်းသင်တန်း ဖွင့်လှစ်

မိုင်းယန်း မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းကို တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းမှ ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် အခြေခံအားကစားနည်း သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ အေရိုးဗစ်စသည့်အားကစားနည်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းကို မတ် ၁၀ ရက်နေ့မှစတင်၍ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ကြောင်း  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး