မဟာအောင်မြေ မတ် ၁၂
မဟာအောင်မြေခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ရုံးစာကြည့်တိုက်အတွက် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်သို့ လာရောက်လှူဒါန်းပေးခဲ့သည်။
ထိုသို့ လာရောက်လှူဒါန်းပေးမှုကို မဟာအောင်မြေခရိုင် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်မာမာအေးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်ချောအိအိခိုင် တို့မှ မြို့နယ်ပြည်သူ့စာကြည်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုသော စာဖတ်ပရိသတ်များအား လစဉ် စာအုပ်စာစောင်အသစ်များ စုံလင်စွာ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လာရောက် လှူဒါန်းပေးရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘို၊ ဒုတိယဦးစီးမှူး ဦးညီဝင်းသူနှင့် စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးတို့မှ လက်ခံရယူခဲ့ပြီး လာရောက် လှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဦးစီးအရာရှိမှ ပြန်လည်ပြောကြားခဲ့သည်။
အောင်ဇော်မင်း