မင်္ဂလာဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မင်္ဂလာဒုံ မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌမှ အဖွင့်မှာစကား ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဦးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားအတည်ပြုချက် ရယူပြီးနောက် အသင်းဝင် (၃၆) သင်းအား အစုပေါ်အမြတ်ငွေ (၆၀၄၈၉၉) ကျပ်တို့ကို  အသင်းဝင်အသင်းသားများထံသို့ တိုးမြင့်ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးလင်း(ပြန်/ဆက်)