မိုးကုတ် မတ် ၁၂
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်မေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ(၁၁) ရက်နေ့မှစ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၀)ဦး ရှိကြောင်းသိရသည်။
မိုးကုတ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၁)ခုတွင်သာ ကျင်းပပြုလုပ်လျက်ရှိပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ(၈၈)ဦးရှိသည့်အနက် ကျောင်းတွင်းဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ (၃၂) ဦးနှင့် ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ (၄၈)ဦး စုစုပေါင်း (၈၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်းနှုန်း ၉၀.၉၁%၊ ပျက်ကွက်ရာခိုင်နှုန်း ၉.၀၉% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)