သာကေတ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာနဖြစ်သည့် ၇/အနောက်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ ကျောင်းသူ (၄၄၉) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အားသာကေတမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း (၆) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းများမှ ကျောင်းတွင်း/ ကျောင်းပြင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၄၇၂) ဦးရှိရာ ကျောင်းတွင်း/ ကျောင်းပြင်ဖြေဆိုသူပေါင်းကျား(၁၀၈)ဦး၊ မ (၂၆၁)ဦးစုစုပေါင်း (၄၄၉) ဦး ဝင်ရောက်ဖြေဆိုကြပြီး အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များကြီးကြပ်ကာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့များမှ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)