ပျော်ဘွယ်မြို့ ပြည်သူ့ဈေးတွင် မီးဘေးလုံခြုံရေးကွင်း ဆင်းစစ်ဆေး

ပျော်ဘွယ် မတ် ၁၁

ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူ့ဈေးကြီး မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့မွန်းလွဲ  နာရီက အဆိုပါဈေးတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးမှုနှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ယနေ့အချိန်သည် ပူပြင်းခြောက်သွေ့သော ကာလသို့ရောက်ရှိလာခြင်းကြောင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်အတွက် လိုက်နာရမည့်အကြောင်းအရာများ၊ မီးလောင်မှုဖြစ်ပွားလာပါကလည်း ဆုံးရှုံးမှုတန်ဖိုးနည်းပါးအောင် ရွှေ့ပြောင်းထားသင့်သည့်အရာများ၊ ဈေးဆိုင်များတွင်လည်း မီးဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများထားရှိနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

မြို့နယ်စည်ပင်သာယရေးအဖွဲ့အနေဖြင့်လည်း ပြည်သူ့ဈေးအတွင်းမီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် တစ်ရက်လျှင်()ကြိမ် အသံချဲ့စက်ဖြင့်ကြေငြာပေးလျက်ရှိကြောင်း၊ ဈေးတာဝန်ခံများကလည်း ဈေးအတွင်းလှည့်လည်ကာ သတိပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်လည်း မီးဘေးကာကွယ်ရေးအတွက် စဉ်ဆက်မပြတ်နှိုးဆော်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)