ဗိုလ်တထောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို

ဗိုလ်တထောင် မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲသို့ အတွင်းအပြင် ဝင်ရောက်​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၇၉)ဦးရှိပြီး လာရောက်​ဖြေဆိုသော ကျောင်းသားကျောင်းသူ( ၂၇၄ )ဦး လာ​ရောက်ဖြေဆို၍ ဖြေဆိုရန်ပျက်ကွက်( ၅ )ဦးဖြစ်ရာ လာရောက်ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၈.၂%) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗိုလ်တထောင်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဗိုလ်တထောင်ခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ် ခိုင်ကလျာစော၊ ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန်၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီကရီကောလိပ်မှ ဒေါက်တာနီလာမြင့်ထူး၊    မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခင်ဝင်း(ပြန်/ဆက်)