၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆို

ဒဂုံတောင် မတ် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉)နာရီတွင် စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူ(၇၃၅) ဦး အေးချမ်းစွာ ဝင်‌ရောက်ဖြေဆိုလျက်ရှိကြသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် စာစစ်ဌာ(၂)ခုထားရှိပြီး စာရင်းရှိ ကျောင်းသား/ကျောင်းသူ(၇၈၂)ဦးအနက် ကျောင်သား‌/ကျောင်းသူ စုစုပေါင်း (၇၃၅)ဦး ဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုသူ ၉၃.၉၉ %. ရှိကြောင်း သိရသည်။

 ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။

ကျော်စွာမိုး (ပြန်/ဆက်)