ဝမ်းတွင်း မတ် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆိုခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝမ်းတွင်းမြို့နယ်အနေဖြင့် စာစစ်ဌာန (၃)ခု ဖွင့်လှစ်ထားရှိပြီး ဖြေဆိုသူ ကျောင်းသား/သူ အနေဖြင့် ကျား(၂၅၂)ဦး၊ မ(၃၄၀)၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၅၉၂)ဦးက ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဦးဆောင်၍ ဆရာဆရာမများက အနီးကပ်ကြီးကြပ်လျက်ရှိသည်။
အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဌေးလှိုင်(ဝမ်းတွင်း)