ပင်လုံ မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့မြို့၌ မိဘပြည်သူများ သိရှိလေ့လာနိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့တွင် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၁၃.၇.၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းနှင့်စပ်လျဥ်း၍ စုံစမ်းမေးမြန်းနိုင်သော ဖုန်းနံပါတ်များကို ဖော်ပြပေးထားကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံရုံးအနေဖြင့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား လေ့လာသိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)