မှော်ဘီ မတ် ၁၁
၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့မတ်လ (၁၁)ရက်နေ့မှစတင်၍ သက်ဆိုင်ရာ မြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲသို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၃၂၅)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မှော်ဘီမြို့နယ်အတွင်း ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (၁) စာစစ်ဌာန ၊ အ.ထ.က(၂) စာစစ်ဌာန၊ အ.ထ.က(မြောင်းတကာ) စာစစ်ဌာနတို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ(၁၃၇၉)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ကျောင်း သား၊ ကျောင်းသူ (၁၃၂၅)ဦးထိ ရှိကြောင်းလည်း သိရသည်။
ဝင်ရောက်ဖြေဆိုရာတွင်လည်း ကျောင်းတွင်း ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား (၅၅၅)ဦး၊ ကျောင်းသူ(၆၉၁)ဦးနှင့် ကျောင်းပြင်ပ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၃၇)ဦး၊ ကျောင်းသူ(၄၂)ဦးရှိပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၅၉၂)ဦးနှင့် ကျောင်းသူ (၇၃၃)ဦး စုစုပေါင်း(၁၃၂၅)ဦး ပျက်ကွက်(၅၄)ဦး ဖြေဆိုမှု ရာခိုင်နှုန်း(၉၆.၀၈)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)