ကျိုင်းတုံမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

ကျိုင်းတုံ  မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲကို အ.ထ.က-၂၊ အ.ထ.က-၃ စာစစ်ဌာနတို့၌ မတ် ၁၁ ရက် နံနက် ၉ နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူ  ၅၅၇ ဦး အေးချမ်းစွာ ၀င်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျိုင်းတုံမြို့နယ် စာစစ်ဌာနများတွင် ပထမနေ့ဖြေဆိုမှုအနေဖြင့် စာရင်းရှိ  ၅၇၈ ဦးတွင် ပျက်ကွက် ၂၁ ဦးရှိပြီး ဖြေဆိုသူစုစုပေါင်း ၅၅၇ ဦးတို့က အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် စာစစ်ဌာနများ၌ တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မြို့ပေါ်ရပ်ကွက်ပတ်၀န်းကျင်နှင့် စာစစ်ဌာနဘေးပတ်၀န်းကျင်တွင် ဆူညံမှုမရှိစေရေး၊ မီးဘေးလုံခြုံရေးနှင့် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အပြင်စည်းလုံခြုံရေးအတွက် တာ၀န်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)