ထန်းတပင်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၃၅) ဦးတို့ ဝင်ရောက်ဖြေဆို

ထန်းတပင် မတ် ၁၁

၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့ မတ်လ (၁၁) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲသို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၃၅) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ထန်းတပင်) စာစစ်ဌာနတစ်ခုထဲတွင်သာ ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ (၃၄၃) ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ (၃၃၅) ဦးထိရှိကြောင်းလည်း သိရသည်။

ဝင်ရောက်ဖြေဆိုရာတွင်လည်း ကျောင်းတွင်းဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား (၁၄၄) ဦး၊ ကျောင်းသူ (၁၆၅) ဦးနှင့် ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၂) ဦး၊ ကျောင်းသူ (၁၄) ဦးရှိပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပဝင် ရောက်ဖြေဆိုသည့် ကျောင်းသား (၁၅၆) ဦးနှင့် ကျောင်းသူ (၁၇၉) ဦး စုစုပေါင်း (၃၃၅) ဦးရှိကြောင်းလည်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်